မမမို့ မမုန်းမ​မေ့


အခန်း (၁)

နိဒါန်း

 "တစ်​ခါတစ်​ရံ ငြိမ်​သက်​၍
 တစ်​ခါတစ်​ရံ တိုက်​ခတ်​သည်​...

 တစ်​ခါတစ်​ရံ တိတ်​ဆိတ်​၍
 တစ်​ခါတစ်​ရံ မြည်​ဟည်းသည်​...

တစ်​ခါတစ်​ရံ ​ပျောက်​ကွယ်​၍
တစ်​ခါတစ်​ရံ ​ရောက်​လာသည်​...

ထို့​ကြောင့်​.. အချစ်​သည်​...
လေ​ပြည်​........"


"​နန်း..... ​ရှေ့မှာ......"
"ကျွီ.... ဒုန်း..."

"အို... သွားပြီ..... နန်းရယ်​ ငါ နင့်​ကို​သေချာမှာလျက်​နဲ့ ကား​မောင်းတုန်းဖုန်းမ​ပြောပါနဲ့ဆို၊ ခုကြည့်​ရှေ့မှာဘာဖြစ်​သွားတယ်​ မသိဘူး... ငါ့နှယ်​ စိတ်​ညစ်​ပါတယ်​။"
"ခဏ​လေးပါဟယ်​ ကြည့်​ပါရ​စေဦး ခတ္တာရယ်​၊ တစ်​လမ်းလုံး နင်​ပဲပွစိပွစိ​ပြော​နေတယ်​ ခုဘာဖြစ်​သွားတယ်​ဆိုတာ ဆင်းကြည့်​ရ​အောင်​... လူ​တော့မ​သေ​လောက်​ပါဘူး​နော်​...."
"ဖွဟဲ့ ရင်​ထိတ်​ပြီး ဆင်းမကြည့်​ရဲ​အောင်​မလုပ်​ပါနဲ့ဟာ... ငါ​လေ... ​ခေါင်း​ခြောက်​ပါတယ်​ မိနန်းရယ်​... နင်​ဟာ​လေ အမြဲကို ပြာယာပြာယာနဲ့ စကား​ပြောရင်​လည်း​ပေါ့ပျက်​ပျက်​နဲ့ ငယ်​ငယ်​ထဲကအကျင့်​ကိုမ​ဖျောက်​ဖူး"

ကား Accident ဖြစ်​လို့ စိတ်​ညစ်​​နေရတဲ့ကြားက ပွစိပွစိလုပ်​​​နေတဲ့ သူငယ်​ချင်းဖြစ်​သူ ခတ္တာ​ကြောင့်​ နန်းတစ်​ချက်​ပြုံးမိသည်​။ ငယ်​ငယ်​ကအကျင့်​ဆိုတာ ​ဖျောက်​ရခက်​တယ်​မဟုတ်​လား။ ​ကျောင်းမှာထဲက နန်းတာရာဆိုတဲ့ နံမည်​​ပျောက်​ပြီး နန်းပြာယာလို့ အ​ခေါ်ခံရ​အောင်​အမြဲပြာတတ်​တဲ့ ကိုယ့်​ကိုယ်​ကိုလဲ စိတ်​တိုမိသည်​။ ဘယ်​​လောက်​ပင်​ တည်​တည်​ငြိမ်​ငြိမ်​​နေ​နေပါ​သော်​လည်း ပြာတတ်​တဲ့အကျင့်​ကမ​ပျောက်​။ အခုလည်း ကား​ပေါ်က ဆင်းကြည့်​​တော့ ​ကောင်​​လေးတစ်​​ယောက်​ ကား​ရှေ့မှာလဲလို့... ဘုရားဘုရား ဘာမှမဖြစ်​ပါ​စေနဲ့။

"အား ကျွတ်​ကျွတ်​...ခများတို့က အဲ့လိုပဲကြည့်​​နေကျမှာလား လာဆွဲထူ​ပေး​လေ၊" မျက်​နှာမဲ့၍ဖိုးပြည့်​ ​ငေါက်​မိသည်​။ဟုတ်​တယ်​​လေ ဒီ​လောက်​​ခြေ​ထောက်​နာ​နေတာကို​တောင်​ ဘယ်​သူမှလာမဆွဲထူပဲ ​ပေကပ်​ကပ်​ရပ်​ကြည့်​​နေကျသည်​ကိုး...

"အို... ​မောင်​​လေး ထ ထ၊ ဘယ်​နား​တွေနာသွား​သေးလဲ... မိနန်း လာ​လေ ဘာ​ကြောင်​ကြည့်​​နေတာလဲ၊ ငါဒီမှာတစ်​​ယောက်​ထည်း မ မနိုင်​ဘူး..."
"ဪ ​အေး​အေး လာပြီ လာပြီ... ​မောင်​​လေးအဆင်​​ပြေရဲ့လား ဘာဖြစ်​သွား​သေးလဲ"
"ကျွတ်​ကျွတ်​... ကားတိုက်​ခံရပါတယ်​ဆိုမှ ဘာမှမဖြစ်​ပဲ​နေမလားနာတာ​ပေါ့ဗျ...
ဒါနဲ့​နေပါဦး ခများတို့က ဒီကား ​မောင်းလာတဲ့ သူ​တွေလား ​ပြောစမ်းပါဦး..."
"အဲ.... အမ​တော့မဟုတ်​ဘူး... သူ သူ သူ​မောင်းတာ"
"ဘာ.... အဲ့တာဆို ကျုပ်​ကို တိုက်​တာခများ​ပေါ့ ဟုတ်​လား"
"ဟုတ်​​တော့ဟုတ်​ပါတယ်​ ​မောင်​​လေးရယ်​.. အရင်​စိတ်​​လျော့ပါ...မမ နည်းနည်းအာရုံများသွားလို့ပါ"
"ဟမ်​... နည်းနည်းအာရုံများတယ်​ဟုတ်​လား ဒီမှာ​ခြေ​ထောက်​တစ်​ဖက်​ကလှုပ်​မရဘူးဗျ.... ခများဘာလုပ်​​ပေးမှာလဲ"
"ဟုတ်​လား ​မောင်​​လေး...ကဲ နန်း သူ့ကို​ဆေးခန်းအရင်​ပို့ရ​အောင်​... ဘာမှ​ပြောမ​နေနဲ့ ကျန်​တာ​နောက်​မှ​​ပြောမယ်​"
"ဒုက္ခပါပဲဗျာ ဒီ​နေ့​တော့ပြဿဒါးပဲ..."
နန်းနဲ့ ​ခတ္တာတို့၂​ယောက်​ မနိုင်​မနင်းဖြင့် ကား​ပေါ်တင်​ကာ အနီးဆုံး​ဆေးခန်းရှိရာသို့ ​မောင်းခဲ့ရပြန်​သည်​....
ဪ... သူ​ပြောတဲ့ ပြဿဒါး....
...
"ဟူး.... ​တော်​​သေးတယ်​ ဘာမှမဖြစ်​လို့ ကံ​ကောင်းတယ်​"
"ကံ​ကောင်းတယ်​မ​ပြောနဲ့ နင်​လုပ်​လိုက်​ရင်​ အဲ့ဒီအတိုင်းပဲ ဟိုက မ​တော်​လို့ တစ်​ခုခုဖြစ်​သွားရင်​ဘယ်​လိုလုပ်​မလဲ"
"​အေးပါဟယ်​ ​နောက်​မဖြစ်​​စေရပါဘူး... ငါ​သေချာဂရုစိုက်​ပါ့မယ်​... ဒါနဲ့ ​ကောင်​​လေးက အ​ချောသား​နော်​..."
"​အေး​နော်​ ညို​ချော်​​လေး... အဲ ​ကမ ပြသနာတတ်​တာ​နေတာ​တောင်​ ဘူး ထနိုင်​​သေးတယ်​"
"ဘူး ထတာမဟုတ်​ပါဘူး ​သေချာကြည့်​မိလိုက်​လို့ပါဟဲ့.... ဒါနဲ့သူပြန်​ထွက်​လာရင်​ ဘာဆက်​လုပ်​ကျမလဲ"
"ဘယ်​လိုလုပ်​သိမှာလဲ မီးစဉ်​ကြည့်​ကရမှာပဲ"

"ကဲ ​နောက်​တစ်​ခါဆိုဂရုစိုက်​ဗျာ... အခု​ကောင်​​လေးဘာမှမဖြစ်​လို့​တော်​​သေးတယ်​ မဟုတ်​ရင်​ ညီမတို့မလွယ်​ဘူး"
"ဟုတ်​ကဲ့ ဆရာ"
"အင်း အင်း ​ကောင်​လေးကိုသာ ​သေချာလိုက်​ပို့​ပေးလိုက်​ပါ"
"ဟုတ်​ကဲ့ ဆရာ"

"... ... ... ဆရာကြီးဂိုက်​နဲ့ သိပ်​ဆရာလုပ်​တာပဲ... ... ..."
"ဟဲ့ တိုးတိုး... ကြားသွားဦးမယ်​" "​မောင်​​လေးကို​ကော ဘယ်​လိုက်​ပို့ ​ပေးရမလဲ"
"အိမ်​ကအခုအချိန်​လူမရှိဘူး ပြန်​လို့မရ​သေးဘူး... ရတယ်​ ထားလိုက်​ ခများတို့ပြန်​​တော့ ကျုပ်​ဖသာကျုပ်​ပြန်​မယ်​...."
"​မောင်​​လေးရယ်​ စိတ်​မဆိုးနဲ့​နော်​ အဲ့တာဆို အမတို့ အိမ်​ကို ခဏဖြစ်​ဖြစ်​လိုက်​ခဲ့​လေ ​မောင်​​လေးပြန်​လို့ရတဲ့အချိန်​မှ မမတို့လိုက်​ပို့မယ်​ ​နော်​...."
"ဟုတ်​ပါတယ်​​မောင်​​လေးရဲ့ လိုက်​ခဲ့လိုက်​​နော်​ ပြီးရင်​လိုက်​ပို့​ပေးမယ်​"
" အင်း ပြီးတာပဲဗျာ သွားတာ​ပေါ့..."

ကောင်​​လေးကဂျစ်​ဆတ်​ဆတ်​နဲ့ ချစ်​ဖို့​တော့အ​ကောင်းသား ဟိဟိ
အဲ ကား​တော့​သေခြာ​မောင်းမှ မဟုတ်​ရင်​ ထပ်​ဖြစ်​​နေဦးမယ်​....

အခန်း ( ၂ )

``အချစ်​သည်​ ​မှော်​ဆရာလက်​ထဲမှ ပန်းသီးတစ်​လုံးနှင့်​တူသည်​၊
  လှပဆန်းကျယ်​၍ အဆိပ်​တစ်​ခုလို ဖန်းချုပ်​ရစ်​နွယ်​သည်​...
  သာယာချိန်​မြိန်​မှုဖြင့်​ အဆိပ်​သင့်​​စေသည်​၊
  ထို့​ကြောင့်​ကျ​နော်​ အဆိပ်​သင့်​ခဲ့သည်​။´´



"ကျ​နော်​....."
ဟုတ်​ကဲ့ ကျ​နော့ နံမည်​က ထူးပြည့်​​အောင်​။ အားလုံးက​တော့ ဖိုးပြည့်​လို့​ခေါ်ကျတယ်​။ ရပ်​​ကွက်​ထဲက ခပ်​ဆိုးဆိုးဂျစ်​ကန်​ကန်​​ကောင်​​လေးတစ်​​ယောက်​​ပေါ့ဗျာ။ ပညာအရည်​အချင်းက​တော့ ဒုတိယနှစ်​မှာ ​ကျောင်း​ခေါ်ချိန်​မပြည့်​လို့ အဖြူအပြာဝတ်​​တက္ကသိုလ်​ကျောင်းက​နေ တစ်​နှစ်​နား​နေရတယ်​။ အိမ်​မှာလဲအ​ဖေနဲ့မတည့်​​တော့ အိမ်​မကပ်​ဘူး​လေ၊ အိမ်​က​တော့သတ်​မှတ်​ထားတာ ဂျ​လေဘီတဲ့၊ အဲ အိမ်​ကသာသတ်​မှတ်​ထားတာ လူပုံက​တော့ အမြဲသပ်​သပ်​ရပ်​ရပ်​ဝတ်​​လေ့ရှိတယ်​ဗျ၊ လူရည်​သန့်​Design ​ပေါ့ဗျာ။ ကဲ​ကျ​နော့အ​ကြောင်း ​လျှောက်​​ပြော​နေရတာနဲ့ ကြာ​နေဘီ ဇာတ်​လမ်း​လေးပြန်​ ဆက်​ရ​အောင်​။

ကျောင်းကလဲနားရ အိမ်​ကလဲပွား​တော့ တစ်​​နေ့တစ်​​နေ့အိမ်​မကပ်​ပဲ အပြင်​ပဲလမ်းသလားဖြစ်​​နေတယ်​​ပေါ့ဗျာ...
အဲ့လိုနဲ့ တစ်​​နေ့ ပျင်းပျင်းနဲ့ Junction Mawtin ဖက်​ထွက်​လာဖြစ်​​ရော... (အဲ့ တုန်းက ဖွင့်​ခါစပဲရှိ​သေးတယ်​ )....
ရာသီဥတု ကလဲ နည်းနည်း​အေး​တော့ Mp3​လေးနားကြပ်​တပ်​ပြီး လမ်းသလားရတာ Feel ဗျ... အဲ့ဒီမှာပဲ ကျ​နော့ ကံပဲ​ကောင်းတယ်​လို့​ပြောရမလား၊ ကံဆိုးတယ်​ပဲ​ပြောရမလား၊ မမ​ချော​ချော​လေး​တွေကားနဲ့ ပွတ်​မိ​ရော...
ကားဘတ်​ကြည့်​မှန်​နဲ့တိုက်​မိပြီး​ချော်​လဲသွားတာဗျ၊ ပထမထတုတ်​မလို့ အားယူပြီးထမလို့အလုပ်​ ကား​ပေါ်က ဆင်းလာတာ အားလားလား ​ချောလိုက်​တာ ဝတ်​မှုန်​​ရွှေရည်​နဲ့ ​ဖွေး​ဖွေးဆင်းလာသလားမှတ်​ရတယ်​...
ကျ​နော်​လည်း ​ဒေါသ​တွေ​ပြေသွားပြီးခဏ ​ငေး​နေမိတယ်​... သူတို့လဲ ​ကြောင်​အမ်းအမ်းဗျ ၂ ​ယောက်​သားမျက်​လုံးအဝိုင်း​သားနဲ့ ကြည့်​​နေကျတာ အဲ့တာနဲ့ကျ​နော်​လည်း နာတဲ့ ဒဏ်​နဲ့ စိတ်​ပါက်​ပြီး ​ငေါက်​ထည့်​လိုက်​တယ်​... ဟုတ်​တယ်​​လေ ဘယ်​သူမှမှလာဆွဲမထူပဲ...
သူတို့လဲ သူတို့ကားနဲ့ ​ဆေးခန်းလိုက်​ပို့ ​ပေးပါတယ်​၊ ကား​ပေါ်မှာလည်း ​မွေးလိုက်​တဲ့အနံဗျာ သင်းသင်း​လေး ​ကောင်​မ​လေး​ချော​ချော​လေး​တွေနဲ့ တစ်​ကားထဲစီးရတာ ဘယ်​​လောက်​ ​ပျော်​ဖို့​ကောင်းလဲဆို​တော့ နာတဲ့အနာဖက်​ စိတ်​ကိုမ​ရောက်​တာဟိဟိ...
ဆေးခန်းလဲ ပြပြီး​ရော ဘယ်​လိုက်​ပို့ကမလဲဆို​တော့ လဲ အိမ်​ကလဲ မပြန်​ချင်​​သေးဘူး​ပြော​တော့ သူတို့အိမ်​ကို​ခေါ်သွားတယ်​ဗျ...
ကျ​နော်​လဲ ​ယောင်​လည်​လည်​ နဲ့ပါသွားတယ်​၊ ကား​ပေါ်မှာလဲ စကားမ​ပြောဖြစ်​ပါဘူး... လူကလဲ နာတာကလဲရှိ​နေ​တော့ မိန်းပြီး​တော့သာ ဟို​ငေးဒီ​ငေးကြည့်​မိ​နေတယ်​...
အဲ့လိုနဲ့ လမ်းကြားတစ်​ခုဖက်​​ကွေ့လိုက်​​တော့ ရန်​ကုန်​မြို့ရဲ့ လူကုံထံ​တွေ​နေတဲ့​နေရာတစ်​ခုပဲဆိုတာ ကားပြူတင်းဝက​နေ​ကြည့်​ရင်းသုံးသပ်​မိတယ်​၊

"တီတီ တီတီ..."
ခြံတစ်​ခု​ရှေ့နား​ရောက်​​တော့ သူ့ကိုသူ နန်းလို့ ​ပြောတဲ့တစ်​​ယောက်​က ကားဟွန်းတီးတယ်​... အဲ့မှာခြံထဲ က အသက်​ ၇၀​လောက်​ရှိတဲ့ ခြံ​စောင့်​အဖိုးကြီးတစ်​​ယောက်​ထွက်​လာပြီးဖွင့်​​ပေးတယ်​...
ခြံထဲကားဝင်​​တော့ ခြံ​စောင့်​ ဘိုး​တော်​ကြီးက ကျ​နော့်​ကို မသင်္ကာတဲ့ပုံနဲ့ကြည့်တယ်​... ထားလိုက်​ပါ သူကအဓိကမဟုတ်​ဘူး​လေ...
အဲ့လိုနဲ့အိမ်​ထဲ​ရောက်​​တော့ သူတို့က "ယု... ယု..." ဆိုပြီး​ခေါ်လိုက်​​တော့အထဲက​နေ အိ​ချောပို ပုံစံနဲ့ အားကစားဝတ်​စုံကိုယ်​ကြပ်​နဲ့တစ်​​ယောက်​ထွက်​လာပြန်​​ရော... ​ဒီတစ်​​ယောက်​လဲ ​ချောတယ်​ အားကစားဝတ်​စုံ အတိုအကြပ်​​လေးနဲ့ဆို​တော့ စ​ဉ်းစားသာကြည့်​​တော့... ငမ်း​ကြောပဲ...

လူကလဲ ငမ်းရတာနဲ့ တင်​တန်​​နေပြီဆို​တော့ ဟိုငမ်းလိုက်​ဒီငမ်းလိုက်​နဲ့... အဲ ငမ်းသာငမ်းတာ လူက ဘုစပ်​စပ်​ရုပ်​မ​ပျောက်​ဘူး...
ယု ဆိုတဲ့တစ်​​ယောက်​က​တော့ ​မေး​ငေါ့ပြတဲ့ ဘယ်​သူလဲတဲ့

နံမည်​မသိ​သေးတဲ့ တစ်​​ယောက်​က ရှင်းပြတယ်
"နန်းလက်​ချက်​​လေ ပြာယာပြီးကား​မောင်းလို့ တိုက်​မိလာတာ..."
"အိုး.. ​တော်​​သေးတယ်​ ဘာမှဆိုးဆိုးရွားရွားမဖြစ်​လို့.. မ​သေ​ကောင်းမ​ပျောက်​​ကောင်း.."
"နင်​တို့ ကလဲဟယ်​ အခုမှ ​ရောက်​တယ်​ အပြစ်​​တွေကိုတင်​​နေ​တော့တာပဲ.... ဧည့်​သည်​ကို ​ခေါ်ပါဦး..."
"​မောင်း​လေးလာထိုင် အ​အေး​သောက်​မလား.ဘာ​သောက်​မလဲ... သက်​သာရဲ့လား... ဘာ​တွေဖြစ်​​နေ​သေးလဲ... ​ခေါင်း​တွေဘာ​တွေ​ကောနာ​နေလား... ​သွေးထွက်​သွား​သေးလား..."
"ယုမ... နင်​​မေးတာ​ဖြေ​နေတာနဲ့တင်​ အ​မော​ဖောက်​​သေသွားနိုင်​တယ်​... ​ဖြေး​ဖြေး​မေးပါ ​ဆေးခန်းပြလာပြီးပြီး ဘာမှဆိုးဆိုးရွားရွားမရှိဖူး..." "..."
"......."

အဲ့လိုနဲ့ တစ်​​ယောက်​တစ်​​ပေါက်​​တွေ​ပြောကျရင်း ခဏ​နေ​တော့ သူတို့ကို သူတိုမိတ်​ဆက်​​ပေးတယ်​...
ဝတ်​မှုန်​​ရွှေရည်​နဲ့တူတဲ့တစ်​​ယောက်​က နန်းတာရာတဲ့ စီးပွား​ရေးဆိုင်​ရာ ဘွဲ့တစ်​ခုတတ်​​နေတယ်
ဖွေး​ဖွေပုံစံလို ခပ်​သွက်​သွက်​အမက ​ခေတ္တာတဲ့ သူလဲစီးပွား​ရေးတ်တ်​​နေတယ်
အိ​ချောပိုလို ခပ်​ကိတ်​ကတ်​တစ်​​ယောက်​က ယုနှင်း​ဝေတဲ့ သူက ဆရာဝန်​မ... ​လော​လောဆယ်​​တော့ ​ဆေးခန်းအ​သေး​လေးသူ့သူငယ်​ချင်းနဲ့​ပေါင်းဖွင့်​ထားတယ်​...
၃​ယောက်​လုံးအမိုက်​စား​တွေကြီးပဲ...
အဲ့လိုနဲ့....

...


အခန်း (၂) အပိုဒ်​ခွဲ

ထို​နေ့က ဖိုးပြည့်​ဟူ​သော​ကောင်​​လေးနှင့်​ သူ့အ​ကြောင်းကိုယ့်​အ​ကြောင်း​ပြောရင်း ​ကောင်​​လေးက ခပ်​ဂျစ်​ကန်​ကန်​​လေးဆိုတာသိလိုက်​ရ​သော်​လည်း သူ့အ​ပေါ်မှာခင်​မင်စိတ်​​တွေများလာသည်​...
ထို​နေ့ကသူ့ကိုလိုက်​ပို့​ပေးပြီး​တော့ သုံး​ယောက်​သား ခပ်​ပြုံးပြုံး​လေး​ပြောမိသည်​က ​ကောင်​​လေးကမဆိုးဘူးဟူ၍သာ....
ကောင်​​လေးက​တော့ မပြန်​ခင်​က​ပြောရှာသည်​ "မမတို့က ခင်​ဖို့အရမ်း​ကောင်းတယ်​ဗျာ... ​စကား​ပြောလို့လဲ​ကောင်းတယ်​...​ ​နောက်​​နေ့​တွေကျလဲ လာလည်​ဦးမယ်​" တဲ့...

"ကောင်​​လေး​ရေ....
မင်းဟာ ငါတို့ဘဝရဲ့ အ​ရေးပါတဲ့ Joker တစ်​​ယောက်​ဖြစ်​ခဲ့​ပေမယ့်​...
ငါတို့​တွေမင်းအ​ပေါ်မှာ ဒဏ်​ရာ​တွေ​ပေးခဲ့မှာကိုသာကြိုသိခဲ့မိရင်​ ငါတို့ ဇာတ်​လမ်း​တွေကို အဲ့​နေ့​လေးမှာတင်​ရပ်​တန့်​ခဲ့မိမှာပဲ...

ဒါ​ပေမယ့်​....."


အခန်း (၃) သို့မဟုတ်​ ရင်​ခုန်​သံနိဒါန်း

မ​နေ့က မမ​ချော​ချော​လေး​တွေနဲ့ ဆုံမိပြီး ညဖက်​အိမ်​မက်​​တွေထဲထိပင်​ကြူး​ကျော်​မိသည်​... အိမ်​မက်​​ထဲမှာကျ​နော်​ ကိုရီးယားကားထဲကမင်းကြီးပုံစံနှင့်​ မမ​ချော​ချောများတစ်​ဖြစ်​လဲ မိဖုရားများက ဝိုင်းဆွဲကာ သူတို့ကိုချစ်​ရန်​သာ​ ဝိုင်း​ပြောခံ​နေရသည်​... သာယာလိုက်​တဲ့အိမ်​မက်​ပင်​....
သို့​ဪအိမ်​မက်​မကြာရှည်​လိုက်​... မနက်​မိုးလင်း အ​မေက အတင်းလာနှိုးလို့ မထချင်​ထချင်​နှင့်​ထလိုက်​ရသည်​...

"​တောက်​... အိမ်​မက်​ကလဲ ဒီ​နေ့မှတိုလိုက်​တာ...."

"ကြွတ်​ကြွတ်​...." မျက်​နှာသစ်​ဖို့အခန်းထဲက ထထွက်​လိုက်​မှ မ​နေ့က ဒဏ်​ရာအရှိန်​​လေးကပြန်​နာလာသည်​... ပြန်​နာလာ​သော်​လည်း မမ​တွေကို​ပြေးမြင်​​ယောင်​မိ​တော့ ဒဏ်​ရာ​တွေက​ပျောက်​သွားသလို...စိတ်​ကူး​တွေယဉ်​ရင်း မျက်​နှာသစ်​အဝတ်​အစားလဲပြီးအိမ်​​အောက်​ထပ်​ဆင်း​တော့... အ​မေက...

"ကာလနဂါး​လေး ဒီမှာမနက်​စာလာသုံး​ဆောင်​​ချေ... ပြီးရင်​ အကြီး​လေးဆီဖုန်းပြန်​ဆက်​လိုက်​ဦး မင်းကို​ပြောစရာရှိလို့တဲ့..."

"အာ... အဲ့အပျိုကြီးကဘာလာရှုပ်​ပြန်​ပလဲ... သူ့အလုပ်​ကြီးပဲ... အဲ့ မယ်​ရစ်​ညီအမ​တွေနဲ့ မဆက်​သွယ်​ချင်​ပါဘူးဆို​နေ..."

"ဟဲ့... ဟိုက အ​ရေးကြီးလို့​နေမှာ​ပေါ့...သွားသွား ပြန်​ဆက်​လိုက်​​ချေ..."

"...."
အကြီး​လေးဆိုသည်​က ကျ​နော်​တို့နှင့်​ ​ဆွေမကင်းမျိုးမကင်း မိသားစုကပါ... သူတို့မှာက အကြီး​လေးရယ်​ အငယ်​​လေးရယ်​ဆိုပြီး ညီအမနှစ်​​ယောက်​ရှိတယ်​... အကြီးက ကျ​နော့ထပ်​ ၆နှစ်​​လောက်​ကြီးတယ်​ အငယ်​က ကျ​နော့်​ထပ်​ ၂ နှစ်​​လောက်​ကြီးတယ်​... အကြီး​လေးက တစ်​ခါတစ်​​လေ အိမ်​မှာ​ယောက်ျားသားမရှိ​တော့ကျ​နော့ကို​ခေါ်​ခေါ်ခိုင်းတတ်​တယ်​ အသက်​က ​တော်​​တော်​ကွာ​နေ​တော့ အ​ဒေါ်လိုကိုဖြစ်​​နေ​တော့ သူခိုင်းတာလိုက်​လိုက်​လုပ်​​ပေး​နေတယ်​... အ​မေကလဲသူတို့နဲ့ ဆိုအ​ကြောတည့်​ချက်​... တည့်​မှာ​ပေါ့ အငယ်​မက သတင်းစာက​တောင်​အရှုံး​ပေးရ​လောက်​​အောင်​ သတင်းစုံတဲ့သူ​လေ... သူငယ်​ငယ်​ထဲက အ​မေက ကျ​နော်​​ဗိုက်​နှင့်အိမ်​မှာတစ်​​ယောက်​ထဲရှိ​နေထဲက သူတို့ အိမ်​ကလာလာထားထား​တော့ အ​မေနဲ့အမြဲအလိုလို စကား​ပြော​ဖော်​​ပြောဖက်​​ဖြစ်​​နေတာ​ပေါ့... ကျ​နော်​နဲ့​တော့ တစ်​စက်​မှမတည့်​... အဲ သူတို့အ​ကြောင်း​ပြောတာရှည်​သွားဘီ ခုဏက​နေရာ​လေးပြန်​ဆက်​မယ်​...
အကြီး​လေးက သူ့သူငယ်​ချင်း​မွေး​နေ့အတွက်​ ကျ​နော့ကို ဘာဝယ်​ရမလဲလှမ်း​မေးတာ ... သူ့သူငယ်​ချင်းက ​ယောက်ျား​လေးဆို​တော့ မဝယ်​တတ်​လို့တဲ့ အဲ့တာနဲ့ ​ယောက်ျား​လေး အသုံးအ​ဆောင်​ပစ္စည်း​တွေလှမ်းညွှန်​​ပေးလိုက်​ရင်း ဖုန်းချလိုက်​​တော့ ဖုန်းကဆက်​မီးလင်း​နေ​လို့ကြည့်​လိုက်​​တော့ Massage တစ်​​စောင်​ဝင်​​နေတယ်​တဲ့... နံပါတ်​အစိမ်းနဲ့ဗျ... အဲ့လိုနဲ့ ဖွင့်​ဖတ်​လိုက်​​တော့...

"Are u ok?

N + K + Y" တဲ့ ...

ပထမ​တော့​ကြောင်​သွားတယ်​... ပြီး​တော့မှ မ​နေ့ကပြန်​ခါနီး မမ​တွေကို သူ့ဖုံးနံပါတ်​​ပေးခဲ့မိတာသတိရသွားတာနဲ့...

"A lit. Now I'm Hungry" လို့ရိုက်​လိုက်​​တော့ ဖုန်းချက်​ချင်းဝင်​လာတယ်​ သူတို့လာ​ခေါ်မယ်​တဲ့မုန့်​လိုက်​​ကွေးမယ်​တဲ့... အဲ့တာနဲ့ကျ​နော်​လည်း အလူးအလဲထ ​ရေမိုးချိုးပြီး အ​မေပြင်​​ပေးတဲ့ မနက်​စာ​တောင်​မစားဖြစ်​ပဲ ​တွေ့တဲ့အကျီ​ကောက်​စွတ်​ပြီး ထွက်​လာခဲ့တယ်​... အ​မေက​တော့ ​နောက်​ဆို မဝယ်​ထား​တော့ဘူးဘာညာနဲ့ ​အော်​ဟစ်​ပြီးကျန်​ခဲ့​လေရဲ့... ကျ​နော်​လည်းသူတို့နဲ့ အနီးဆုံးချိန်းလို့ရမယ့်​ လမ်းမ​တော်​က Shakeကို သွားလိုက်​တယ်​...
ဟို​ရောက်​​တော့သူတို့က ကြို​တောင်​​ရောက်​နှင့်​​နေပြီ.. သူတို့က လက်​လှမ်းပြ​တော့သူတို့​ရှေ့နားဝင်​ထိုင်​မိရင်း ​ငေး​နေမိပြန်​တယ်​...
လှလိုက်​တဲ့ နတ်​သမီး​လေးနှစ်​ပါးဗျာ... နှစ်​​ယောက်​လုံးကအဖြူ​ရောင်​ တီရှပ်​​ဗြောင်​​လေး​တွေနဲ့ တစ်​​ယောက်​က ဂျင်းပင်​အရှည်​နဲ့ တစ်​​ယောက်​ကစကပ်​​ဘောင်းဘီအတို​လေးနဲ့....
ဝင်​လာထဲက ဘာမှမ​ပြောပဲ ​ငေး​နေတဲ့ ကျ​နော့ကို
"​ကောင်​​လေး အိပ်​မက်​က အခုထိမနှိုး​သေးဘူးထင်​တယ်​"

အဲ့မှ သတိပြန်​ဝင်​သွားပြီး.... "ဟီး... နည်းနည်းငိုက်​​နေလို့ဗျာ... မယု ​ကောမပါဘူးလား... နှစ်​​ယောက်​ထဲပဲလား...."

"အင်း နှစ်​​ယောက်​ထည်းပဲ ... အပြင်​ထွက်​လာရင်းနဲ့ ​ကောင်​​လေး Msg ပြန်​ပို့တာ​တွေ့လို့ ပြန်​ဆက်​လိုက်​ရင်း ​နေ​ကောင်းမ​ကောင်းလာကြည့်​ကျတာ..."

"ရပါတယ်​ဗျာ... ကျ​နော်လည်းသက်​သာသွားပါပြီ... လာရတာ​ဝေးတာကို... တကူးတကလာကြည့်​ရတယ်​လို့... အားနာစရာ..."

"အားမနာပါနဲ့ ​ကောင်​​လေးရဲ့ ... ​ဒေါ်နန်းက မနက်​ကထဲက လူနာသွား​မေးမယ်​ တကဲကဲလုပ်​​နေတာ"... "ဟဲ့ ဟဲ့ ​ပေါင်​လာမဆွဲနဲ့ ငါအမှန်​​ပြောတာ... လိမ်​တာပါလို့လား..."

"​အေးပါ ​အေးပါ... သွားကြည့်​မယ်​လို့​ပြောတာ နင်​လည်းပါပါတယ်​ ခက်​ရယ်​... ငါက ငါကိုယ်​တိုင်​တိုက်​မိထားသူမို့ စိတ်​ပူလို့ပါ... "

"ရပါတယ်​ဗျာ... ဘယ်​သူလာကြည့်​ကြည့်​ လာကြည့်​​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​... ဒါနဲ့ မမတို့ဘာစားကြမလဲ ကျ​နော်​​ကျွေးပါ့မယ်​..."

"အယ်​ မဟုတ်​​မောင်​​လေးရယ်​ အမတို့​ကျွေးပါ့မယ်​..."

"...."

"...."

သို့နှင့်​ အဲ့​နေ့က ကျ​နော်​တို့သုံး​ယောက်​ မုန့်​​တွေသွားစားကျ ရုပ်​ရှင်​​တွေကြည့်​ကျနှင့်​ အ​တော်​​လေးခင်​မင်​သွားကျသည်​... နန်းတာရာက နည်းနည်း​အ​နေ​အေးသည်​... ခတ္တာက နည်းနည်းပို သွက်​သည်​... သူတို့နှစ်​​ယောက်​ကြည့်​ရတာဆင်​တူအင်္ကျီ​လေးနှင့်​ မသိရင်​ အတွဲ​တွေလိုပင်​...

ကျ​နော်​လည်း အဲ့​နေ့ကျမှ ​တူတူ​လျှောက်​သွားဖူး​သော်​လည်းကျ​နော့ကို ငယ်​​ပေါင်းသဖွယ်​ ​မောင်​​လေးတစ်​​ယောက်​လိုသဖွယ်​ ​ပေါင်းလာ​တော့ ​​တော်​​တော်​ခင်​မင်​မိသွားသည်​...

ကျ​နော့စိတ်​ထဲကပဲ သာယာမိ​နေတာလား အမှတ်​တမဲ့ပဲဖြစ်​​နေတာလား​တော့ မသိဘူး နှစ်​​ယောက်​လုံးအ​ပေါ်ကို ​ရင်​​တွေခုန်​မိ​နေသည်​... ဟုတ်​တယ်​ ကျ​နော်​ ရင်​ခုန်​မိ​​နေပြီ... ဘယ်​တစ်​​ယောက်​ကို ရင်​ခုန်​ရမှန်းမသိ နှစ်​​ယောက်​လုံးကို ရင်​ခုန်​​နေမိသည်​... ​စေတန်​က ပန်းသီးမှား​ကျွေးမိပြီထင်​တယ်​...ဘာပဲဖြစ်​ဖြစ်​ အဲ့​နေ့က ကျ​နော့ အတွက်​​မေ့မရတဲ့​နေ့ဖြစ်​ခဲ့တယ်​...
သူတို့က​ရော....
ကိုယ့်​ဖက်​ကသာ ​လျှောက်​​တွေး​နေတာ သူတို့က ကိုယ်​အ​ပေါ်​တောင်​ စိတ်​ထားမယ့်​ပုံမ​ပေါ်...
နောက်​​နေ့​တော့ထပ်​ချိန်းထားတယ်​... Shopping ထွက်​မယ်​တဲ့...
.....
...
.
ရင်​ခုန်​ရဦးမယ်​....

အခန်း (၄) သို့မဟုတ်​ အချစ်​ဧည့်​သည်

သူ.........

တစ်​ခါတစ်​ရံ ရင်​ခုန်​သံကီး(key)သွင်းလို့...
ခံစားချက်​ညည်းချင်းတစ်​မျိုးနဲ့...
နုလုံးသားစီးချင်းထိုး​စေတဲ့...
သူ....


"သူ....."

ဟုတ်​ပါတယ်​ သူပါပဲ... ကျ​နော့အိမ်​မက်​ထဲ​ရောက်​​ရောက်​လာတတ်​တယ်​... ဂါဝန်​အဖြူ​ရောင်​​လေးနဲ့လွင့်​ပျံ​နေသလို ဆံပင်​အရှည်​​လေးနဲ့ လှပ​နေတဲ့ သူ...
ကျ​နော့နားမှာမဟုတ်​​ပေမယ့်​ ကျ​နော့ကို ပြုံးပြ​နေတယ်​ဆိုတာ​သေချာတယ်​... ​နောက်​ထပ်​​သေချာတာတစ်​ခုက ကျ​နော့ကို ငြို့ငင်​​ခေါ်​ဆောင်​​နေတယ်​...
သူရယ်​...

အခုတစ်​​လော မကြာခဏဆိုသလို အဲ့အိမ်​မက်​​ပဲ မက်​မက်​​နေတယ်​... အခုလိုပုံစံအတိုင်းပဲ အိမ်​မက်​ထဲကို ​ရောက်​​ရောက်​လာ​နေတယ်​... ဒါ​ပေမယ့်​.... အိမ်​မက်​ကနိုးထလာတိုင်း သူ့ရဲ့ မျက်​နှာ​လေးကို မမှတ်​မိ​တော့တာကို ကိုယ့်​ကိုယ်​ကိုအပြစ်​တင်​နေ​မိတယ်​.... ညတိုင်းလဲ အဲ့အိမ်​မက်​ပြန်​ပြန်​မက်​ဖို ​စေ့​ဆော်​​နေမိတယ်​... အိမ်​မက်​နတ်​သမီး​လေးရယ်​...


မမနန်းတို့နဲ့ ခင်​မင်​ပြီးထဲက ကျ​နော့တာဝန်​က သူတို့​ဘေးက bodyguard အလိုလိုဖြစ်​လာတယ်​... မနက်​မိုးလင်းတိုင်းဖုန်း​တွေဆက်​ အပြင်​ထွက်​မုန့်​စားရင်း သူတို့နဲ့လဲ သံ​ယောဇဉ်​ပိုပိုလာမိတယ်​... သူတို့လို့​ပြော​ပေမယ့်​ မမနှင်းက​တော့ သိပ်​မပါလာတတ်​ မနန်းနဲ့ မခက်တို့နှင့်​သာ ​တွေ့ဖြစ်​တာများသည်​.... သူတို့ Shopping ပတ်​လည်းပါရ... မုန့်​ထွက်​စားလဲပါရနဲ့ သူငယ်​ချင်း​တွေနဲ့​တောင်​ သိပ်​မ​တွေ့ဖြစ်​​တော့... သူတို့နဲ့ ​လျှောက်​လိုက်​​နေရတာပဲ ကိုယ့်​အတွက်​သာယာ​နေသလိုလို... တစ်​ခါတစ်​ရံ သူတို့နှင့်​​အပြင်​ထွက်​လို့ တစိမ်း​ယောင်္ကျား​လေး​တွေက လိုက်​ကြည့်​ရင်​ပင်​မကြိုက်​ချင်​​တော့ မျက်​နှာကအလိုလိုမှုန်​ကုတ်​လာတတ်​သည်​... အဲ့တာကိုလဲ သူတို့သိ​တော့ ကျ​နော့ကို ဝိုင်းရယ်​ကျသည်​ထက်​မပို... ကျ​နော်​လည်းကြာ​တော့ မိန်းမစိုးများဖြစ်​လာပြီ​တောင်​ ​တွေးမိသည်​အထိပင်​... အဲ့တာလည်းမဖြစ်​​သေးပါဘူး ကိုယ့်​ဘာသာကို​နေ​တော့လည်း သူတို့ စိတ်​​ကောက်​​နေတာလား ဘာညာဖြင့်​ လိုက်​​ချော့ကျပြန်​သည်​...

အဲ့လိုနဲ့ တစ်​​နေ့ မခတ္တာက မန်းတ​လေးသို့ ခဏခရီးထွက်​သွား​သည်​... ဘာ​လို့သွားလဲ​တော့မ​မေးမိလိုက်​... သူ့အ​ဖေ​ခေါ်သည်​ဟု​တော့​ပြောသံကြားသည်​... သွားလည်​​နေကျအတိုင်းလူ​တွေက မစုံ​တော့ ကျ​နော်​လည်းးသူတို့ဆီမလည်​ဖြစ်​ပဲ သူငယ်​ချင်း​တွေဖက်​ခဏလှည့်​​နေဖြစ်​သည်​...
အဲ့လိုနဲ့ ညဖက်​ သူငယ်​ချင်း​တွေနဲ့ လက်​ဖက်​ရည်​ဆိုင်​ထိုင်​​နေတုန်း​ဖုန်းမြည်​လာသည်​... ကြည့်​လိုက်​​တော့ မနန်း...

"ဟယ်​လို မနန်း​..."

ဘာမှပြန်​မ​ဖြေ ဖုန်းချသွားသည်​... အဲ့တာနဲ့ကျ​နော်​ပြန်​​ခေါ်ကြည့်​သည်​ မကိုင်​... အဲ့တာနဲ့ ဆက်​မ​ခေါ်​တော့ အဲ့ဒီအတိုင်းထားလိုက်​သည်​....

နောက်​၁၅မိနစ်​​လောက်​ကြာ​တော့ ထပ်​​မြည်​လာသည်​... ကျ​နော်​ကိုင်​လိုက်​​တော့...

"ဟယ်​လို... ဟယ်​လို.... မနန်း​ပြော..."

ဘာမှမ​ပြောပြန်​ချသွားသည်​... အဲ့တာနဲ့ကျ​နော်​လည်းစိတ်​ပူလာတယ်​ ဘာများဖြစ်​သလဲ​ပေါ့...

ကျ​နော်​​ခေါ်လိုက်​​တော့ ပထမ မကိုင်​ နည်းနည်းကြာ​တော့ပြန်​ကိုင်တယ်​... ကျ​နော်​ ဟယ်​လို​ပြော​တော့ ပြန်​မထူး တစ်​ရှုံ့ရှုံ့ငိုသံ​တော့ ကြာ်းသည်​...

"ဟယ်​လို မနန်း... ဘာဖြစ်​လို့လဲ အမ... ကျ​နော်​ဘာကူညီ​ပေးရမလဲ" ​မေးလိုက်​​တော့ တစ်​ဖက်​က... အငိုသံ​တော့ မကြား​တော့...

အသံနည်းနည်း အစ်​အစ်​နဲ့

"ရပါတယ်​ မ ဘာမှမဖြစ်​ဘူး"

"ဟာ... ဘာမှမဖြစ်​ပဲ​နေမလား ဒီ​လောက်​ငိုသံကြီးနဲ့... ​ပြော အခုဘယ်​မှာလဲ"

"ကား​ပေါ်မှာ... ရပါတယ်​ ​ကောင်​​လေး မ ဘာမှမဖြစ်​ဘူး"

"ဖြစ်​တာ​တွေမဖြစ်​တာ​တွေ​နောက်​မှ​ပြော ကျ​နော်​အခုလာခဲ့မယ်​ မ ဘယ်​မှာလဲ...."

"ရပါတယ်​ဆို..."

"ဟာ... ရမလား... မသိဘူး ကျ​နော်​အခုလာမယ်​... ဘယ်​မှာလဲ​ပြော..."

"အင်း... ရတယ်​​ကောင်း​လေးမလာနဲ့ မ လာ​ခေါ်လိုက်​မယ်​... ​ဘယ်​လာ​ခေါ်ရမလဲ"

"Junction Maw Tin နားက.... ... ... မှာ..."

"အင်း မ အခုလာခဲ့လိုက်​မယ်​... ​နော်​..."

"ဟုတ်​..."

တစ်​​အောင့်​​လောက်​ကြာ​တော့ မနန်းသူ့ကား​လေးနဲ့ ​ရောက်​လာတယ်​... ကားတံခါးဖွင့်​ သူ့​ဘေးဘက်​ ဝင်​ထိုင်​ပြီးကြည့်​လိုက်​​တော့ ​တော်​​တော်​ငိုထားသည်​ထင်​တယ်​... မျက်​လုံးက မို့လို့... အဲ့တာနဲ့ကျ​နော်​က...

"မ ဘယ်​သွားမလဲ... တစ်​ခုခုစားမလား" ​မေး​တော့

"မ မစားချင်​ဘူး တစ်​ခုခု​သောက်​ရ​အောင်​" ​ပြောလာ​တော့ကျ​နော်​လည်း နီးစပ်​ရာဆိုင်​တစ်​ဆိုင်​ ​​မောင်းခိုင်းလိုက်​ပြီး Spy ၂လုံးဝယ်​လိုက်တယ်​... ပြီး​တော့ ​အေး​ဆေးဖြစ်​မယ့်​ ​ဗိုလ်​တစ်​​ထောင်​ကမ်းနားပဲ​  ​မောင်းခိုင်းလိုက်​တယ်​...

ကမ်းနား​ရောက်​​တော့ ကျ​နော့ကိုဘာမှမ​ပြော သူ့ဖသာသူ ကမ်းနားဖက်​လှမ်း​ငေးရင်း ကျ​နော့​ပေးတဲ့ Spy တစ်​လုံးကို သာ ​ကောင်း​ကောင်းကြီး​မော့​နေသည်​... ပုလင်​ကုန်​​လောက်​နီးနီးကျမှကျ​နော့ဖက်​လှည့်​ပြီး...

"မ ဘာ​တွေဖြစ်​​နေလဲ ​ကောင်​​လေးသိလား"

ကျ​နော်​​ခေါင်းသာခါရမ်းမိသည်​... သူမအနည်းငယ်​​​တော့ မူးလာသည်​ကို​တော့ စကားအ​ပြောအဆိုအ​ပေါ်ရိပ်​မိလိုက်​သည်​...

"မနဲ့ ခက်​ ကအချစ်​​တော်​​တွေ​လေ... ​ကောင်​​လေးရိပ်​မိမှာပါ..."

ဒါလည်းမထူးဆန်းပါ အမြဲတမ်းတစ်​တွဲတွဲ မိန်းက​လေးနှစ်​​ယောက်​ အချစ်​​တော်​ထားကျတာမဆန်းပါဘူး...  အချစ်​​တော်​ထားရက်​နဲ့ ကျ​နော့ကို ဝိုင်းခင်​ကျသည်​ကသာ ဆန်း​နေသည်​...
သူမဆက်​​ပြောသည်​..

"ကောင်​​လေးဆီပထမဆုံး လာ​တွေ့တဲ့​နေ့က မနဲ့ ခက်​ 6 နှစ်​ပြည့်​ Anniversary..."
သူဆက်​​ပြောပြသည်​ကသူတို့ နှစ်​​ယောက်​ မိန်းက​လေး​ကျောင်းအလယ်​တန်းမှာထဲကစခင်​လာတဲ့အ​ကြောင်း​တွေ ​နှင်းနဲ့ ​ကျောင်းပြီးမှခင်​ခဲ့ ​​ပေမယ့်​... ခက်​နဲ့ ညီအမလိုဖြစ်​​နေတဲ့ နှင်းကိုလဲ ခင်​မိ​ကြောင်း​တွေ... ​နောက်​ဆုံး​တက္ကသိုလ်​တတ်​​တော့ ​ခက်​က အမှတ်​​ကောင်း​ပေမယ့်​ သူနဲ့အတူတူ စီးပွား​ရေးပဲလိုက်​ယူခဲ့​ကြောင်း​တွေ... အဲ့ကျမှတစ်​​ယောက်​အ​ပေါ်တစ်​​ယောက်​ချစ်​မိပြီး အချစ်​​တော်​​တွေဖြစ်​ခဲ့တာ​တွေ​ပြောပြသည်​... အခုလည်း ခက်​ အိမ်​က သူတို့သ​ဘောတူနဲ့​စေ့စပ်​ဖို့ မန္တ​လေး ပြန်​သွားရလို့ သူစိတ်​ညစ်​​နေတာကိုရင်​ဖွင့်​သည်​... နှင်းကိုကျ ညီအမလိုခင်​​ပေမယ့်​ နှင်းကလဲ အိမ်​သိပ်​မကပ်​​တော့ ဖွင့်​မ​ပြောဖြစ်​​တော့ ကျ​နော်​နဲ့ကျ​မှရင်​ဖွင့်​ဖြစ်​​ကြောင်​လဲ ရှင်းပြသည်​...

သူတို့ကြားထဲ ပထမဆုံး​ရောက်​လာတဲ့ ​ယောကျား​လေးသူငယ်​ချင်းကလဲ ကျ​နောပဲရှိသည်​တဲ့... ဟုတ်​​လောက်​သည်​ ကျ​နော်​နဲ့ စခင်​ထဲက ဘယ်​​ယောင်္ကျား​လေးနဲ့မှအဆက်​ အသွယ်​လုပ်​တာမ​တွေ့...

"မ ​လေ အခု ​ကောင်​​လေးကို​ပြောပြတာ​တွေရင်​ထဲမှာပဲသိမ်းထား​နော်​..."

"ဟုတ်​ကဲ့ပါ.. ကျ​နော်​ ​လျှောက်​​ပြောတတ်​တဲ့ သူမဟုတ်​ပါဘူး...."

"မ ယုံပါတယ်​... အဲ့တာ​ကြောင့်​လဲ ​ကောင်​​လေးကို မတို့ ​မောင်​​လေးတစ်​​ယောက်​လိုခင်​မင်​​နေရတာ​ပေါ့..."

"​..."

"​ကောင်​​လေး မ ​ခေါင်း​တွေရိပ်​တိတ်​တိတ်​နဲ့..."

"ဖြစ်​မှာ​ပေါ့ ​ရောက်​​ရောက်​ချင်းက တစ်​ပုလင်းလုံး​မော့လိုက်​တာကိုး... ကဲလာ ထိုင်​ခုံ​နောက်​မှီပြီး ခဏ မှိန်း​နေလိုက်​..."

"အာ.. မရဘူး အဲ့လိုက ပိုမူးတယ်​.."

"ဒီလိုဆို ကျ​နော့ ပုခုံး​ပေါ်ခဏမှီ​နေလိုက်​" ကျ​နော်​လဲ ခန္တာကိုယ်​တစ်​ဖက်​​စောင်း​ပေးလိုက်​ရင်း ကျ​နော့အ​ပေါ်မှီ​စေလိုက်​သည်​... မနန်းလဲ အလိုက်​သင့်​ ကျ​နော့အ​ပေါ် မှီလိုက်​သည်​... ခဏကြာ​တော့.. ​ခေါင်း​မော့​နေရတာ အန်​ချင်​တယ်​ဆိုလို့ ကျ​နော့ ပုံစံနည်းနည်း​ပြောင်းလိုက်​ပြီး ကျ​နော့်​ဘက်​ကို ​မျာက်​နှာမူပြီး​ခေါင်းမှီ​စေလိုက်​သည်​... အခုမှ စုံတွဲ​တွေ ဖက်​ထားတဲ့ ပုံစံလိုဖြစ်​​နေပြီ... သူက​တော့မသိ ကိုယ်​က​တော့ ရင်​ထဲမှာ တဒိန်းဒိန်းနှင့်​ ကုလားဘုရားပွဲလှည့်​​နေပြီ... အ​တွေ့အကြုံအနည်းငယ်​ ရှိတယ်​ဆို​သော်​လည်း အခုလို မိန်းမ​ချော​လေးနှင့်​ရှိ​နေတာ ဘယ်​သူကရင်​မခုန်​ပဲ​နေနိုင်​ပါ့မလဲ... ကိုယ်​မှာ​တော့ ​ခြေမကိုင်​မိလက်​မကိုင်​မိနဲ့ ဂွ​တော့ကျပြီ...

"​ကောင်​​လေး..."

"ဗ...ျ...ာ..."

"​နေရတာအဆင်​မ​ပြေလို့လား... မ ထ​ပေးမယ်​​လေ"

"ရ ရ ပါတယ်​... ဘာမှမဖြစ်​ပါဘူး မရဲ့..." ဘာမှသာမဖြစ်​တာ အသံ​တွေက တုန်​ရီ​နေတယ်​...

"ဟင်း.... မတစ်​ခု​မေးမယ်​"

"​မေး​လေ မ"

"​ကောင်​​လေး ရည်းစားထားဖူးသလား..."

ကျ​နော်​ခဏစဉ်းစားလိုက်​သည်​ သူဘာကို​မေးချင်​တာလဲ​ပေါ့...

"ထားဖူးတယ်​ မ..."

"ဘယ်​ နှစ်​​ယောက်​​လောက်​ထားဘူးလဲ ​ကောင်​​လေး"

"သုံး​ယောက်​"

"ဟင်းဟင်း ​​ကောင်​​လေးကဘယ်​ဆိုးလို့လဲ ၃​ယောက်​​တောင်​ဆို​တော့ အ​တွေ့အကြုံ​တွေများ​နေပြီ​ပေါ့​နော်​..."

"ဟာ.. မ ကလဲခဏတစ်​ဖြုတ်​ပဲထားဖြစ်​တာပါ... အတည်​တကျ​သေချာမထားဖူး​သေးပါဘူး..."

"အင်း... အဲ့တာလဲ​ကောင်းပါတယ်​ မခံစားရဘူး​ပေါ့... ဒါနဲ့ မ ​မေးမယ်​... ​ကောင်​​လေးရဲ့​ကောင်​မ​လေးတစ်​​ယောက်​ စိတ်​​တွေအရမ်းညစ်​ပြီး စိတ်​ထိခိုက်​​နေပြီဆိုရင်​ ​ကောင်​​​လေးဘာလုပ်​​ပေးလဲ... မှန်​မှန်​​ဖြေ​နော်​..."

"သူ​ပျော်​​အောင်​လုပ်​​ပေးတယ်​... စကား​တွေ​ပြောတယ်​ ဟာသ​တွေ​ပြောတယ်​ မုန့်​စားတယ်​..."

"ပြီး​တော့​ရော..."

"အဲ..." ​ဖြေရတာ​တော်​​တော်​ကြပ်​သွားသည်​... မနန်းကလဲ ဒီ​နေ့မှ လျှာ​တွေသွက်​ပြီး စကား​တွေအများကြီး​ပြော​နေရုံမက ​ဖြေရကြပ်​တာ​တွေပါ​မေးလာသည်​...
ကျ​နော်​ဘာ​ဖြေရမှန်း​တော့မသိ... သို့​သော်​...

ကမ်းနားဖက်​ကလမ်းမီးတိုင်​မှ မီးအလင်း​​ရောင်​က ကားထဲထိဖြာကျလင်းလက်​​နေသည်​... ဘာမှမလိမ်းချယ်​ထား​သောသူမ၏မျက်​နှာ​လေးကို​ငေးရင်း... အ​ကြောစိမ်း​လေးများ​ပင်​ယှက်​သန်း​နေ​သော ပါးမို့မို့​လေး​ပေါ်သို့ ​နွေး​ထွေး​သောအနမ်းတစ်​စုံ​ပေးရင်း သူမဆံနွယ်​​လေးများသို့ နမ်းရှိုက်​မိလိုက်​သည်​...

"အို"

အေးစက်​တဲ့ ​လေပြည်​များကြားက​နေ ​နွေး​ထွေးတဲ့ အား​ပေးအနမ်း​လေးများ​ကြောင့်​ သူမရှက်​သွားကာမှီ​နေရာမှ ထထိုင်​လိုက်​သည်​... ကျ​နော့ကို မျက်​လုံးအပြူးသားနဲ့ကြည့်​​နေ​သော ​မ ကို ရင်​ခွင်​ထဲသို့ပြန်​လည်​သွင်းလိုက်​ပြီး... ​နွေး​ထွေးတဲ့ အနမ်းများ ဆက်​လက်​နမ်းရှိုက်​မိသည်​... မရဲ့မျက်​လုံး​လေး​တွေကြည့်​မိ​တော့​မှေးစဉ်းလို့ ... ကျ​နော်​ ​​​စွဲစွဲလန်း​​လန်း မ ရဲ့ နှုတ်​ခမ်းဖူး​လေးများနှင့်​ ထိ​တွေ့ နှုတ်​ဆက်​လိုက်​သည်​... ​နွေ​ထွေးတုန်​ရီ​နေ​သော နှုတ်​ခမ်း​လေးများက မပွင့်​တစ်​ပွင့်​နှင့်​... ညင်​သာစွာ အနမ်းပန်း​လေးများ​ဝေရင်း မ လူးလွန့်​လာသည်​...

"​ကောင်​​လေး မတို့ပြန်​ရ​အောင်​..."

"ဟုတ်​ကဲ့ မ... ပြန်​မယ်​​လေ..."

ကျ​နော့အိမ်​ကိုလိုက်​ပို့​ပေးရင်းလမ်းတစ်​​လျှောက်​လုံးဘာမှမ​ပြောဖြစ်​ကျ... ကျ​နော့အိမ်​နား​ရောက်​​တော့ မ ကကားရပ်​​ပေးလိုက်​ရင်း... ကျ​နော့်​ဖက်​လှည့်​ပြီး အနမ်းတစ်​ပွင့်​​ပေးလိုက်​သည်​...

"​ကျေးဇူး​နော်​​.. ​ကောင်​​လေး..."

ကျ​နော်​ဘာမှမ​ပြောမိ​တော့... သူမ ကိုသာ​ငေးမိ​နေရင်းပဲ...

"ပြန်​​တော့​လေ ​ကောင်​​လေး... မနက်​ဖြန်​ကျ​တွေ့မယ်​​နော်​..."

ကျ​နော့်​ကိုရူးသွပ်​​စေမည့်​ အပြုံးချိုချိုများနဲ့ သူမနှုတ်​ဆက်​လိုက်​​တော့မှ ကျ​နော်​သတိဝင်​ပြီး...

"ဟုတ်​... မ... See You tomorrow..."

မနန်း ကား​ပေါ်ကဆင်းပြီးနှုတ်​ဆက်​လိုက်​ရင်း... သူမကားထွက်​သွားသည်​အထိ ကျ​နော်​​ငေးကြည့်​​နေမိသည်​...

အိမ်​​ပေါ်ကိုတတ်​​တော့ အ​ပျော်​​တွေလွန်​ပြီး အ​မေ့ကို​တောင်​ လှမ်းဖက်​လိုက်​​သေးတယ်​... အ​မေက​တော့ ​ပြောသည်​ ဒီ​ကောင်​​လေး အ​ဖြေရလာလို့လားတဲ့... အဲ့လိုသာဆိုဒီ့ထပ်​​တောငေ်ပျာ်မိမှာလို​ဖြေရင်း အခန်းထဲဝင်​​တော့ မနန်းရဲ့ Msg ​လေးဝင်​လာသည်​...

*Thanks You, baby    See You Tomorrow * တဲ့

ဟူး... စိတ်​ထဲမှာဘာ​တွေဖြစ်​​နေမှန်း​တောင်​မသိ​တော့ ထခုန်​မိမတတ်​​ပျော်​မိသွားရင်း...

*Ok, Ma. See You Tmr  *
...
...
...
ဖုန်းကိုကိုင်​ရင်း ​ယောင်​ချာချာ အခန်းထဲ လမ်းပတ်​​လျှောက်​​နေရင်း... ​တွေးမိသည်​က.... သူမကို...

သေချာတယ်

ကျ​နော်​ချစ်​မိသွားပြီ......

Popular Posts